TIGblogs TIG | TIGblogs GROUP TIGBLOGS LOGIN SIGNUP
Robinson - My Blog
Robinson - My Blog
ယခုနှစ် ကရင်နီပြည်တွင် ၀မ်းပျက်ဝမ်းလျှော အဖြစ်များ
Related to country: Myanmar

Translations available in: English (original) | French | Spanish | Italian | German | Portuguese | Swedish | Russian | Dutch | Arabic


မိုးဦးကျရာသီ အပြောင်းအလဲဖြစ်သည့် ယခုအချိန်များတွင် ကရင်နီပြည်မှာရှိသော ကျေးလက်ဒေသများသည် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်လေ့ရှိပြီး ယခုနှစ်တွင် အရင်နှစ်ထက် ပိုမိုဆိုးရွားနေသည်ဟု သတင်းရရှိပါသည်။
ဖရူမြို့နယ်နှင့် ဒီမောဆိုမြို့နယ် ကျေးရွာအုပ်စုများမှာ အဖြစ်များပြီး တအုပ်စုမှာ ခန့်မှန်ခြေ ကလေးလူကြီး ၁၀ဦးကျော်လောက် သေဆုံးသည်ကို တွေ့ရှိရပါသည်ဟု သွားရောက်ကုသပေးနေသော ဆေးမှူးတဦးက ပြောပါသည်။
“ဒီဝမ်းပျက် ဝမ်းလျှော ဖြစ်ပွားတာ အရမ်းကို ကူးစက်မြန်ပါတယ်၊ ကျတော်တို့ တရွာကို ဆေးကုလို့ ဆေးပေး လမ်းညွန်မှုတွေ လုပ်ပေးလို့ မပြီးခင်မှာပဲ နောက်တရွာက ဝမ်းလျှောလို့ သေရပြန်ပြီး အချိန်မီ ဆေးကုသခွင့် တောင်မရလိုက်ကြပါဘူး” ဟုပြောသွားပါသည်။
ယခုလို ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ရသည့် အဓိက အကြောင်းရင်းမှာ အမှည့်လွန်သစ်သီးများ စားသုံးသည့် အပြင် ဆေးဆရာ၊မ မလုံလောက်ခြင်း၊ ကျန်းမာရေးပညာပေးမှုအားနည်းခြင်းနှင့် ဆေးဝါးမလုံလောက်သည့် အတွက်ကြောင့် ဖြစ်ရပါသည်။
ဖရူဆိုမြို့နယ်အတွင်းတွင် ကျေးရွာအုပ်စုပေါင်း ၁၄ အုပ်စုရှိပြီး၊ ဒီမောဆိုမြို့တွင် ကျေးရွာအုပ်စု ၂၆ အုပ်စုရှိပြီး ဝမ်းပျက်ဝမ်းလျှော ရောဂါအပြင် ငှက်ဖျားရောဂါလည်း အဖြစ်များသည်ဟု သိရှိရပါသည်။


June 7, 2009 | 10:45 PM Comments  0 comments

Tags:
You must be logged in to add tags.


Robinson's Profile


Latest Posts
ယခုနှစ်...

Monthly Archive
June 2009

Change Language


Links
့www.khitpyaing.org


904 views
Important Disclaimer